Search

Strava မှာ Segments တွေဖန်တီးကြမယ်

Updated: May 19


ပြိုင်ဆိုင်မှုကို သဘောကျတဲ့ စက်ဘီးသမားတွေ၊ အပြေးသမားတွေ အတွက် Strava Segment တွေမှာ Challenge လုပ်ရတာပျော်စရာကောင်းမှာ  အသေချာပါပဲ၊ Activity Tracker App ပေါင်းမြောက်များစွာ ရှိတဲ့ ထဲမှာမှ Strava ဟာ IOS, Android ၂ ခုစလုံးမှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ Garmin, Wahoo တို့လို Company ကြီးတွေကလည်း အပြည့်အဝထောက်ပံ့ပေးထားလို့ သုံးရတာ အရမ်းအစဉ်ပြေပါတယ်။ ကမ္ဘာပေါ်က ကစားသမားတွေအားလုံးဟာ သူတို့စီးခဲ့၊ ပြေးခဲ့ဖူးတဲ့လမ်းကြောင်းမှာ စီးလို့၊ ပြေးလို့ကောင်းတဲ့ နေရာတွေ၊ တောင်တက်တွေ၊ နေရာဒေသတွေကို နောက်လူတွေ လေ့လာနိုင်အောင် Strava Map မှာ အလွယ် တကူရှာလို့တွေ့အောင် Segments တွေဖန်တီးထားတတ်ကြပါတယ်။ ထို့ကြောင့်ကျတော်တို့မရောက်ဖူးတဲ့ နေရာဒေသလမ်းကြောင်းတွေကို Strava Segments Map မှတဆင့် ၎င်း၏ Activity Profile သို့သွားရောက် လေ့လာနိုင်ပြီး လမ်းကြောင်းအနေအထား၊ Elevation စတာတွေကို ကြိုတင်လေ့လာနိုင်မှာဖြစ်ပါတယ်။ ထို့အတူ ၎င်း Segments အတိုလေးတွေမှာ KOM (King Of Mountain) QOM (Queen Of Mountain) နဲ့ အဆင့်သတ် မှတ်ချက်တွေကို စုစည်းပေးထားတဲ့အတွက် တယောက်နဲ့ တယောက်ပြိုင်ဆိုင်နိုင်ကြပြီး Public ပေးထားတဲ့ Account တိုင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်၊ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Segments တွေကို ကိုယ်တိုင်ဖန်တီး ပုံလေးကို ရှင်းပြချင်ပါတယ်၊ Segments တွေ Create လုပ်ဖို့ကတော့ ကွန်ပျူတာနဲ့မှရပါမယ် နောက်ပြီး ကိုယ်တိုင်စီးထားပြီးတဲ့ လမ်းကြောင်းပေါ် မှာပဲ Create လုပ်လို့ရပါမယ်နော်၊ အောက်မှာတဆင့်ချင်းစီရှင်းပြပေး ပါမယ် _ _ 


ပထမဦးဆုံး Strava ကို www.strava.com မှာဖွင့်ပါ Menu Bar မှာရှိတဲ့ ပုံမှာပြထားတဲ့အတိုင်း Dashboard အောက်က My Segments ကိုသွားကြည့်ရင် Starred Segments, My Segments, Hidden Segments ဆိုပြီး တွေ့ရပါမယ် Starred Segments ကတော့ ကို favourite ဖြစ်တဲ့ Segments တွေမှတ်သားထားနိုင်ပြီး My Segments ကတော့ ကိုဖန်တီးထားတဲ့ Segments တွေတွေ့ရမှာပါ  မရှိသေးရင်အခုပဲ ဖန်တီးလိုက်ကြရအောင်


မိမိ Segments တည်ဆောက်မယ့် လမ်းကြောင်း Activity ကိုဖွင့်ပါ ပုံမှာ ပြထားတဲ့ မြှားလေး နေရာက အစက် ၃ စက်နေရာကိုနှိပ်လိုက်တာနဲ့ ဘေးမှာ Menu တခုပေါ်လာမှာဖြစ်ပြီး Create Segment ကိုရွေးပေးပါ

မှတ်ချက် ။ ။ Activity ပြုလုပ်ထားသော လမ်းကြောင်းပေါ်တွင်သာ Create ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်


အပေါ်ကပုံပါအတိုင်းပေါ်လာရင် မြေပုံအပေါ်လေးက မြှားပြထားတဲ့ဘားလေးမှာ အစိမ်းပွိုင့်လေးကစမှတ်ဖြစ်ပြီး အနီပွိုင့်လေးကအဆုံးမှတ်အဖြစ် ကို Segment ဆွဲမဲ့နေရာကိုသတ်မှတ်ပေးရပါမယ် ပြီးရင် Next ကိုနှိပ်ပါ


ပုံထဲကအတိုင်းပေါ်လာပြီး မိမိတည်ဆောက်ခဲ့တဲ့ Segment ရဲ့ အမည်ကို ပေးပါ ပြီးရင် ကို့ Segment ကို Private မလုပ်ဘူးဆိုရင် မြှားပြထားတဲ့နေရာက အမှန်ခြစ်လေးကိုဖြုတ်ခဲ့ဖို့ မမေ့နဲ့ဦးနော် အဲ့ဒီမှာပဲ ကို့  Segment ရဲ့ Elevation ကိုကြည့်နိုင်ပါတယ် ပြီးရင် Create ကိုနှိပ် လိုက်ရင် Segment တခုတည်ဆောက်ပြီးသွားပါပြီ Strava Server က အလုပ်လုပ်တဲ့ အချိန်ခဏတော့စောင့်ရပါတယ် တခါတလေ တရက်လောက်ကြာတတ်ပါတယ်


ပြီးရင် ပုံထဲကအတိုင်း Explore အောက်က Segment Explore ကနေ Segments တွေရှာလို့ရပါတယ် ၎င်း Segment တွေကနေတဆင့်သွားပြီး Leader Boards စာရင်းကို All Time, This Year, My Results, People I'm Following, My Clubs ဆိုပြီး Segments Leaders တွေနဲ့ စံချိန်တွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်


Strava App ကိုသုံးခြင်းအားဖြင့် အားကစားလှုပ်ရှားမှုကို များစွာအထောက်အကူဖြစ်စေပါတယ် ပုံမှာ ပြထားတဲ့အတိုင်း မိမိဟာ Segment Area ထဲစဝင်ပြီဆိုတာနဲ့ မိမိ Phone, Bike GPS, Sport Watch တွေမှာ အသိပေးမှာဖြစ်ပြီးတော့ KOM ရဲ့ စံချိန် မိမိရဲ့ Best PR (Personal Record) ယခုလက်ရှိရောက်နေတဲ့စံချိန်စတာတွေကိုပြပေးပါလိမ့်မယ် တခုသတိပေးချင်တာကတော့ Strava Segment Fight နေတဲ့အချိန်မှာ မိမိစံချိန်အပေါ်ဂရုပြုနေမိတာကြောင့် ပတ်ဝန်းကျင်ကို ဂရုမပြုမိပဲ အန္တရယ်ကျရောက်နိုင်တဲ့အတွက် အထူးဂရုစိုက်လေ့ကျင့်ကြပါလို့ မှာကြားချင်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်


#Strava #Segment

25 views

+959 795 891300

  • Facebook
  • YouTube
  • Instagram

©2020 by Sports Gear Trading.