Search

Zwift နဲ့လေ့ကျင့်ကြမယ်

Updated: May 15


Cycling Training ကို Indoor မှာ Zwift လို Application တွေနဲ့ ဘယ်လို Set Up လုပ်ပြီး ပျော်စရာကောင်းအောင် စီးကြ၊ လေ့ကျင့်ကြတယ်ဆိုတာ ကျတော်သိသလောက်မျှဝေပေးချင်ပါတယ် တချို့လဲသိပြီးသားပါ မသိသေးတဲ့ ညီအစ်ကိုတွေအတွက်ရည်ရွယ်ပါတယ် မြန်မာတွေထဲမှာတော့ စီးတာသိပ်မတွေ့သေးပေမယ့် နိုင်ငံခြားသားတွေတော့ တော်တော်စီးတာတွေ့ရပါတယ်။ Indoor Training App တွေအများကြီးရှိတဲ့အထဲမှာမှ Zwift နဲ့ ELITE ကထုတ်တဲ့ My E Training App ကို သဘောကျမိပါတယ်။ My E Training App က အပြင်က လမ်းတွေအတိုင်း Real Video တွေ နဲ့လေ့ကျင့်လို့ရပါတယ် မိမိကိုယ်တိုင်လဲ Video တွေဖန်တီးပြီး Up Load လုပ်နိုင်ပါတယ် My E Training App အကြောင်းကို ဒီလင့်လေးမှာလေ့လာနိုင်ပါတယ် https://www.elite-it.com/en/products/app-software/my-e-training၊ ကျတော်သေချာစမ်းပြီး ရင်တော့ Review လေးရေးတင် ပေးပါ့မယ်၊ အခုတော့အသုံးများတဲ့ Zwift အကြောင်းပဲ ဖော်ပြပေးသွားပါမယ်၊ လိုအပ်ချက်တွေကတော့ အတူတူ တွေပါပဲ Zwift က Account တခုကို အရင်တုန်းက ၇ ရက်ရတယ် ခုတော့ km 30 လား မသိဘူး Free ရတယ်ခဗျ ကို့ ရဲ့ Data တွေ သေသေချာချာ Record လုပ်ချင်တယ်ဆိုရင်တော့ လစဥ်ကြေး 14.99 US$ နဲ့ Memberships ကြေးပေးရပါတယ်၊ ကျတော်တို့နိုင်ငံအနေနဲ့ မိုးတွင်းတွေနဲ့ ကားကြားထဲအသက်စွန့် မစီးချင်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်၊ Zwift စီးရင် လိုအပ်မယ့် လိုအပ်ချက်တွေကို အောက်မှာ တခုချင်းစီရှင်းပြသွားပါမယ်

  1. ZWIFT Application & Monitor, Application ကိုတော့ IOS & Android Device တွေမှာ အလွယ်တကူ Download လုပ်နိုင်ပါတယ်။  Window PC/Laptop တွေမှာတော့ 64Bit Version မှရပါလိမ့်မယ် ဖုန်းနဲ့ပဲဆိုရင်တော့ screen ကြီးကြီးမြင်ရအောင် Monitor/TV လိုပါဦးမယ် ဒါမှ ရှင်းရှင်းလင်းလင်းမြင်ရမှာပါ ဖုန်းနဲ့ ဆိုရင် TV ကို Second Monitor လုပ်ဖို့ HDMI Cable/Mirascreen လိုမျိုး Screen Share ရတဲ့ TV လိုမျိုး အသုံးပြုဖို့လိုပါမယ်

  2. စက်ဘီး (သို့) Station Bike ကိုတော့ MTB/Road Bik‌e တွေနဲ့လေ့ကျင့်တာကို Station Bike ထက်ပိုသဘောကျပါတယ် ကိုသုံးတဲ့  Roller ကိုလိုက်ပြီးတာယာကို Trainer Tire သီးသန့်သုံးသင့်ပါတယ် ဒါမှကို့ရဲ့ တန်ဖိုးကြီးတဲ့ တာယာတွေမပျက်စီးမှာပါ၊ Direct Mount Trainer တွေဆိုရင်တော့မလိုဘူးပေါ့

  3. Trainer မှာတော့အမျိုးမျိုးရှိပါတယ် အဲ့ဒါတွေကတော့ အကြမ်းအားဖြင့် Roller, Classic Trainer, Smart Trainer, Interactive Trainer  (Auto Resistance) ဆိုပြီးတော့ရှိပါတယ် Roller - ကတော့ကျတော်တို့ ပုံမှန်မြင်တွေ့နေကြ ၃ လုံးပုံ Roller ပါ၎င်း Roller ပုံစံကိုပဲ ELITE မှာ Interactive Roller ဆိုပြီးထုတ်တာတွေ့ရပါတယ် Classic Trainer - ကတော့နောက်ဘီးကို Magnet/Fluid Resistance ပါတဲ့ Roller တင်ပြီးရှေ့ဘီးကိုအသေထားပြီး စီးတဲ့ပုံစံပါ Fluid က Magnet ထက်အသံပိုငြိမ်ပါတယ် Smart Trainer - ကတော့ Classic Trainer ကိုအဆင့်မြှင့်ထားတာဖြစ်ပြီး နောက်ဘီးကိုဖြုတ်ပြီး Trainer မှာ တိုက်ရိုက်တပ်၍ Direct Mount System နဲ့စီးရတာပါ Auto Resistance တော့မရသေးပါဘူး Interactive Trainer - ကတော့ Zwift လိုမျိုး Application မှာပါတဲ့ ကုန်းဆင်း၊ ကုန်းတက် Resistance များကို အလိုအလျောက်ပြုလုပ်ပေးတဲ့ Trainer မျိုးဖြစ်ပါတယ်

  4.  Power Meter တချို့ Smart/Classic Trainer တွေမှာ Sensor တွေပါပြီးသားဖြစ်လို့မလိုအပ်ပေမယ့်၊ မပါတဲ့ ရိုးရိုး Trainer တွေမှာ ကိုစီးနေတဲ့ Speed ကို ထုတ်ပေးမယ့် Speed Sensor လိုအပ်ပါတယ် Wahoo, Garmin တို့လို Brand အကြီးတွေမှာ ရှိသလို China/Taiwan ကလာတဲ့ New Brands တွေမှာလဲရှိပါတယ်                                                                                                                                  

ဒီအပေါ်က ၄ ခုရှိရင် Zwift စီးလို့ရပါပြီ မိမိ Data တွေကို ပိုမိုပြီးတိတိ ကျကျ မှတ်သားချင်ရင်တော့ အောက်ကလိုအပ်ချက်လေးတွေထပ်ရှိပါဦးမယ်                                                                                                    

  1. Cadence Sensor ဆိုတာကတော့ ကိုနင်းနေတဲ့ ခြေနင်းပတ်ရေကို ဖေါ်ပြတာပါ Zwift ရဲ့Monitor မှာဖေါ်ပြပါလိမ့်မယ် (ကျတော်လေ့လာမိသလောက် ခြေနင်းပတ်ရည် 100 RPM လောက်မှာ ထားပြီးနင်းတာဟာ ရည်ရှည်အတွက် အကောင်းဆုံးဆိုတာတွေ့ရပါတယ်)

  2.  Hart Rate Sensor ကတော့ နှလုံးခုန်နှုန်းကိုတိုင်းတာပါ ရင်ဘတ်မှာပတ်တာနဲ့ လက်မောင်းမှာပတ်တာဆိုပြီး Sensor ၂ မျိုးရှိပါတယ် တချို့ Smart/Sport watch တွေမှာလဲ Hart Rate Sensor ပါတပါတည်းတွဲပါတတ်ပါတယ် ကိုလေ့ကျင့်နေတဲ့ ပြင်းအားကို Zwift ရဲ့ Monitor ဖော်ပြပေးပါလိမ့်မယ်

  3.  Fan ကတော့ ကို့ရဲ့အပူကို စွန့်ထုတ်ဖို့အတွက်ပါ အားကောင်းတဲ့ ပန်ကာတွေဆို ပိုကောင်းပါတယ် ခုဆို  Wahoo Headwind ဆိုပြီး ကိုစီးတဲ့ Speed နဲ့ Hart Rate ကိုလိုက်ပြီး Fan Speed ကို တွက်ချက်ထုတ်ပေးတဲ့ ပန်ကာတွေတောင်ရနေပါပြီ

  4. Climb ကတော့ Wahoo ကထုတ်တာပါ ရှေ့ဘီးကို ၎င်း Climb မှာတပ်စီးရတာ ဖြစ်ပြီး ကုန်းဆင်း ကုန်းတက်တွေကို အလို အလျောက် အနိမ့်၊ အမြင့် ပြုလုပ်ပေးတာပါ

  5.  နောက်ဆုံးမှာတော့ အထက်ပါလိုအပ်ချက်တွေအားလုံးပါတဲ့ Station Bike ကို တကယ့် ပြိုင်ဘီး အချိုးအစားအတိုင်းပြုလုပ်ထားတဲ့ Kicker Bike လို Trainer တွေ 2020 မှာ ကုမ္ပဏီတွေ တော်တော်များများ စျေးကွက်တင်လာဖို့ရှိပါတယ်



အခြေခံလိုအပ်ချက်တွေစုံပြီဆိုရင် စစီးလို့ရပါပြီ

  1. ပထမဆုံး Zwift App ကို Download လုပ်ပါ Account ဖွင့်ပါ Zwift App ကိုဖွင့်ပြီး Sensor, Trainer တွေကို Pair လုပ်ပါ

  2. ကိုစီးမယ့် လမ်းကြောင်းကို ရွေးပြီးရင် စစီးလို့ရပါပြီ တကမ္ဘာလုံးက Zwift စီးနေတဲ့သူတွေကို ကို့လမ်းကြောင်းပေါ်မှာတွေ့ရပါလိမ့်မယ် စီးဖေါ်စီးဖက်ချင်းလဲချိန်းပြီး စီးနိုင်သလို တနေ့လုံးရှိတဲ့ Ride Event တွေကိုလဲ ဝင်ရောက်စီးနင်းနိုင်ပါတယ်

  3. စီးပြီးလို့ Save လိုက်ရင် ကို့ရဲ့ Strava Account ကို Auto Upload လုပ်ပေးပါလိမ့်မယ်                

  4. Social App တစ်ခုလိုပဲ ကစားသမားအချင်းချင်း Follow လုပ်နိုင် Massage ပို့နိုင်ပါတယ် စီးနင်းသူတွေရဲ့ Level ကို km နဲ့ သတ်မှတ်ပေးပါတယ် ---------------------------------------------------------------------- Running အတွက်ကတော့ Pair လို့ရတဲ့ Trade Mill (သို့) Foot Pod လို့ခေါ်တဲ့ Sensor နဲ့ Trade Mill လိုပါတယ် အားလုံး အားကစားကို ပျော်ရွှင်စွာ လေ့ကျင့်နိုင်ကြပါစေ                                                        အားလုံးကိုကျေးဇူးတင်ပါတယ် ဖေါ်ပြချက်များမှားယွင်းခဲ့ပါက ကျတော်၏ အားနည်းချက်သာဖြစ်သည့် အတွက် အားလုံးကိုတောင်းပန်အပ်ပါတယ်၊ မှားယွင်း‌‌ဖော်ပြချက်များကို Comment မှာ ဖြည့်စွက်၊ အကြံပြုပေးဖို့ကိုလဲ ဖိတ်ခေါ်ပါတယ် 



#Zwifting #IndoorCycling #IndoorRunning

0 views

+959 795 891300

  • Facebook
  • YouTube
  • Instagram

©2020 by Sports Gear Trading.